Bio: ဒေါက်တာ ဇာနည် သည် ဖော်ဆီး (သို့) အရှေ့တောင်အာရှ အင်အားစုသစ် လှုပ်ရှား မှု အသင်း ပူးတွဲ ထူထောင်သူ နဲ့ အပြည်ပြည် ဆိုင်ရာ အရေး နဲ့ နိုင်ငံရေး လှုပ်ရှားသူ မြန်မာ နိုင်ငံသား (ဟောင်း ) ဖြစ်ပါတယ်။
ဗြိတိန် နိုင်ငံသား ခံယူ ထား ပြီး သူ့ ဇာတိ နိုင်ငံ ကို နာဇီ ဂျာမနီ ကဲ့ သို့ အစွန်းထွက် လူမျိုးရေး ဘာသာရေး ရွှေရည် စိမ် သော၊ မွတ်စလင် မုန်းတီး သူ များ ရဲ့ တိုင်းပြည် ဟု၊ ကမ္ဘာ့ အသိအမှတ် ပြု ခံ ဂျင်နဆိုက် ပညာရှင် တဦး အနေ နဲ့ သုံးသပ်သူ ဖြစ် ပါတယ်။
သင်ရိုးညွှန်းတမ်း နဲ့ လူမှု သိပ္ပံ ၊ နိုင်ငံရေး အထူးပြု ဘာသာ တွဲ နဲ့ ပညာရေး ဆိုင်ရာမှာ နံ ပါတ် တစ် နေရာ ရှိ၊ အမေရိကန် ထိပ်တန်း တက္ကသိုလ် ဝစ်စ်ကန်ဆန် ပြည်နယ် ကျောင်း ကြီး က ဒေါက် တာ ဘွဲ့ ကို ၁၉၉၈ မှာ ရယူ ထား သူ ဖြစ် ပါ တယ်။
အောက်စ်ဖို့ တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ် ၊ လန်ဒန် စီးပွားရေး နဲ့ နိုင်ငံရေး တက္ကသိုလ်၊ များ တွင် ဧည့်သည် ပညာရှင်။ ချီကာဂို မြို့ နေရှင်နယ်လူးဝစ် ပညာရေး တက္ကသိုလ် နဲ့ ဘရူနိူင်း အမျိုးသား တက္ကသိုလ် များ တွင် ပါမောက္ခ တာဝန် ထမ်းဆောင် ခဲ့ ပြီး ၂၀၁၄ မှ စပြီး စာ ရေး၊ စာဖတ် နိုင်ငံရေး ဆော်သြောရေး လုပ်ငန်း ကို အချိန်ပြည့် ဆောင် ရွက် သူ ဖြစ် ပါ တယ်။


Maung Zarni
