FORSEA’s Editor’s remark: The slow-emergence of mono-ethnic group identities in Burma, especially among what came to be known today as (non-dominant) ethnic nationalities such as Karen, Shan or Dai, Kachin, Karen and so on is significantly, if not exclusively, a colonial phenomenon. Like the state-based nationalism of the dominant Bama sub-state creation of ethno-nationalist identities and consciousness is a process fraught with inter- and intra-“tribal”, sub-regional power struggles over religious, linguistic, territorial and economic interests. Like the state-based nationalism it attempts to emulate, such ethno-nationalisms conceal the acts of manipulation and domination over the weaker and less vocal subgroups by certain “clans” or classes, which are in turn typically dominated and manipulated by males.  Beyond the common narrative of fighting “the Common Enemy Number One”, that is, the genocidal Myanmar military regime, the inter-minority and intra-minority conflicts are present in today’s multi-actor, multi-region violent conflicts throughout Myanmar.

သူငယ်ချင်းတစ်ယောက်ပြောဖူးတယ် “ရွေးကောက်ပွဲမှာ ချင်းဆိုတဲ့အမျိုးသားဘုံနာမည်သုံးပြီး ဈေးဘန်းခင်းရတာ သိပ်အရောင်းမကောင်းဘူး” တဲ့။ ဟုတ်တယ် ချင်းလူမျိုးဆိုတာ အခြားတိုင်းရင်းသားတွေလို ဘုရင်တစ်ပါး၊ စော်ဘွားတစ်ယောက်အောက်မှာ တစ်သံတစ်မိန့် နဲ့ နေခဲ့ဖူးတဲ့ သမိုင်းအစဥ်လာမရှိခဲ့တော့ အားလုံးက စော်ဘွားမျိုးနွယ် ဖြစ်ကုန်ကြတာ အားလုံးအသိပါ။

တစ်ရွာတည်ရင် စော်ဘွားတစ်ယောက်မဟုတ် နှစ်ယောက်တော့ ရှိရတယ်။ စော်ဘွားဆိုရင် မိန်းမ နှစ်ယောက် သုံးယောက်ယူခွင့် ရှိခဲ့တော့ တစ်ရွာလုံးစော်ဘွားမျိုးနွယ်ဖြစ်ရတာ အထူးဆန်းတော့ မဟုတ်ခဲ့ဘူး။ ယခုခတ် “ငါကစော်ဘွားမျိုးနွယ်ကွ” ဆိုတဲ့ ဟိုမရောက်ဒီမရောက် ချင်းယောင်္ကျားတွေ ပြောလေ့ရှိတဲ့ ကြွားလုံးကြားဖူးသူ ရှိပါလိမ့်မယ်။

ဘယ်ကရောက်လာမှန်းမသိတဲ့ “ချင်း” ဆိုတဲ့နာမည်က အင်္ဂလိပ်ကိုလိုနီခတ်ကာလမှာ စပေါ်လာတော့ ကိုယ့်မျိုးနွယ်စုနာမည်နဲ့ ဒေသနာမည်တွေ ဘေးချိတ်ကာ ချင်း အဖြစ်ခံယူဖို့ တွန့်တွန့်ဆုတ်ဆုတ် ဖြစ်ခဲ့ကြတယ်။ ယနေ့ ချင်းအများစု “ချင်း”အဖြစ်ခံယူကြတယ်ဆိုတာ လွယ်လွယ်နဲ့ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ဘာသာရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်က မနည်းစည်းရုံးရေး လုပ်လာခဲ့ကြတဲ့ နိုင်ငံရေး နှင့် လူများရေး ခေါင်းဆောင်တစ်ချို့ရဲ့ ကြိုးစားမှု အသီးအပွင့်ပါ။

Chin village, Myanmar. Wikipedia Commons

တစ်ချို့နှုတ်ပြောသမိုင်း (oral history) အရ ချင်းအမျိုးသားဘုံနာမည် မပေါ်ခင်က မျိုးနွယ်စုတစ်ခုနဲ့ တစ်ခုအကြား ရန်ငြိုးရန်ပွဲတော်တော် ကြိမ်းခဲ့တယ်လို့ သိရတယ်။ တစ်ချို့နေရာမှာ ဒီဘက်ခတ်အထိ ပါလာတာတွေ့ရတယ်။ ဒါပေမယ့် အရင်ကလောက် ဆိုးဆိုးဝါးဝါး အဖြစ်မျိုး မတွေ့ရတော့ဘူး။ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာတာကြောင့်ရယ်၊ ချင်းဆိုတဲ့ဘုံ identity နာမည်အောက်မှာ စည်းလုံးရေး ပိုအားကောင်းလာတာကြောင့်ရယ်၊ ပညာရေးကြောင့်ရယ် နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့်ရယ် မျိုးနွယ်စုဘောင်တော်တော်များများ ကျော်လွှားလာနိုင်ကြတာ ဆယ်စုနှစ်ကျော်လာခဲ့ပြီဟု ပြောလို့ရမယ်ထင်တယ်။

သို့သော် ချင်း လူမျိုးစည်းလုံးရေးကို ပျက်ပြားစေတဲ့ မျိုးနွယ်စုတစ်ခု၊ ဘာသာရေးတစ်ခု နဲ့ ဘာသာစကားတစ်ခု ကြီးစိုးရေးဝါဒ (religious hegemony, racial supremacy, language imperialism) နဲ့ အာဂျင်ဒါ (Agenda) တွေက ချင်းဘုံအမျိုးသား နာမည်အောက်မှာ ကပ်ကပ်ပါလာတာ တွေ့ရတယ်။

Location of Chin State in Western Myanmar. Wikipedia Commons

ဥပမာ-
၁။ ငါတို့ကချင်းအားလုံးကို ကိုယ်စားပြုတယ် ဒါကြောင့်ငါတို ခေါင်းဆောင်မှုအောက်မှာ လာစည်းလုံးပါ ဆိုတာမျိုး၊
၂။ ငါတို့ခေါင်းဆောင်မှုအောက်မှာ မနေရင် မင်းက ချင်းသစ္စာဖောက် ဆိုတာမျိုး၊
၃။ ငါတို့နဲ့ပေါင်းချင်ပေါင်း မပေါင်းချင်နေ ချင်းပြည်သူ အားပေထောက်ခံမှုအများဆုံးရတဲ့ ငါတို့သာ တာရားဝင်အဖွဲ့ ဆိုတဲ့ legitimacy လုယူနိုင်ငံရေးမျိုး၊

၄။ Baptist သို့မဟုတ် ငါတို့အသင်းသား (church member) မဟုတ်ရင် ဘယ်ချင်းအဖွဲ့စည်းမှာမှ ခေါင်းဆောင်နေရာအတွက် မထိုက်တန် အရည်ချင်းမမှီ ဆိုတဲ့အတွေးခေါ်မျိုး၊

၅။ ငါတို့မျိုးနွယ်စု ဘာသာစကားသာ အပြည့်စုံဆုံး သို့မဟုတ် အများဆုံးပြောတဲ့စကားမို့ ချင်းဘုံစကားဖြစ်ရမယ် ဆိုတဲ့ ချင်းနာမည်အောက်က အဆုံးမသပ်နိုင်သေးတဲ့ ဘုံစကားလုပွဲ (ဒီနေရာမှာ ဖလမ်း နဲ့ ဟားခါးက အမြဲတမ်း ဗိုလ်လုပွဲတက်၊ တီးတိန်ကတော့အမြဲတမ်း တတိယဗိုလ်) ၊

၆။ တစ်ချို့က ချင်းလိုမျိုးရဲ့ ယဉ်ကျေးမှုအလှအပကို selfie ဆွဲမယ်ဆိုတော့ ကိုယ့်မျိုးနွယ်စုပုံများသာထွက်ထွက်လာ၊ ဒါနဲ့ချင်းယဉ်ကျေးမှုသည် ငါတို့မျိုးနွယ်စု ယဥ်ကျေးမှု ဘဲဖြစ်ရမယ်ဆိုတဲ့ ယဉ်ကျေးမှုကြီးစိုးရေး ပရိုမိုးရှင်းဆင်းကြတာမျိုး၊

၇။ ချင်းအရေးကိစ္စ အားလုံးကို Portrait နဲ့ရိုက်တော့လည်း ကိုယ့်မျိုးနွယ်စုမြင်ချင် ကြားချင်တာဘဲ မြင်ရကြားရနဲ့ ကျန်တဲ့အားလုံး မှားမှားမှန်မှန် လှလှမလှလှ အကုန် blur လုပ်ပစ်တာမျိုး၊

၈။ ချင်းတစ်ခုလုံးနဲ့ဆိုင်တဲ့ issues အားလုံးက တစ်ခါတစ်ခါ panoramic view နဲ့ကြည့်မှသာ သေးသေးကွဲကွဲမြင်နိုင်မည်ဆိုတာ အများနားမလည်ကြ၊ နားလည်သူအချို့ကြပြန်တော့လဲ ကောက်ကျစ်၊

၉။ အရုပ်ဆိုးဆုံးတစ်ချက်က ချင်းနာမည်နဲ့ ဖွဲ့တဲ့ အဖွဲ့စည်းတိုင်း အမျိုးသမီးများပါဝင်တဲ့ အဖွဲ့ဆိုခပ်ရှားရှား။ မှတ်မိသေးတယ် ၂၀၁၄ ခုနှစ် Chin National Conference (CNC) ကျင်းပရေးကော်မတီဖွဲတော့ NGO ဖောင်ဒါတွေ၊ ဂျင်ဒါ (Gender)ဆရာတွေ၊ ပါတီခေါင်းဆောင် နဲ့ တော်လှန်ရေးခေါင်းဆောင်တွေပါတယ်၊ ဒါပေမယ့် အမျိုးသမီးတစ်ယောက်မှမပါတာ သတိထမိတော့ ထောက်ပြခဲ့ဖူးတယ်၊ ထောက်ပြမှ သိသမျှအမျိုးသမီးနာမည်အားလုံး စရင်းထဲ ကောက်ထည့်ခဲ့ကြတာမှတ်မိသေးတယ်။

၁၀။ အခုလည်းကြည့်ကြည့်ပါ တော်လှန်ရေးနာမည်နဲ့ဖွဲ့ထားတဲ့ ချင်းအဖွဲ့မှန်သမျှ (USA, Australia, Europe, India, Malaysia) အားလုံး Men’s Club တွေကြီးဘဲ။ အလှူရံပုံငွေကောက်ရင်တော့ ဘယ် ဂျင်ဒါ (Gender) မှမချန်ကြဘူး။ ဒီ Men’s Club တွေကို နည်းနည်းလဲ ထိမိရင် မအလနဲ့ ချက်ချင်း အပေးစားခံရတာ များတယ်။ ဒါကြောင့် ဒီတော်လှန်ရေး အနိုင်ရရင်တောင် အမျိုးသားသီးသန့် အတွက်ဘဲဖြစ်မှာ၊ အမျိုးသမီးများအတွက်တော်လှန်ရေး ခရီးရှည်အုံးမယ်ဆိုတာ သေချာပြောလို့ရတယ်။
အာဏာသိမ်းစကစတော်လှန်ရေးကာလ ရောက်လာတော့ မျိုးနွယ်စုအားပြိုင်ပွဲကြီးက တစ်ခတ်ပြန်စားလာတာ တွေ့ရတယ်။ ကောင်းတဲ့ အချက်အများကြီးရှိတယ်။ ဒါပေမယ့် တစ်နေ့ထက် တစ်နေ့ မျိုးနွယ်စုခြံစည်းရိုး ထူလာမြင့်လာတာ မြင်ရတော့ စိတ်မကောင်း ဖြစ်ရပြန်တယ်။

တစ်ချို့နေရာမှာ သွေးထွက်သံယိုမှုအထိ ဖြစ်စေနိုင်တဲ့ မျိုးနွယ်စုကြား ပဋိပက္ခ (intra/inter-tribal tension) တွေတဖြည်းဖြည်း ရုပ်လုံးပေါ်လာတာ တွေ့ရတယ်။ အမှန်ပြောရင် “အာဏာရှင်မအလကို အမြစ်ပြုတ်တိုက်မယ်” ဆိုတဲ့စကားလုံးအောက်မှာ မျိုးနွယ်စုခြံစည်းရိုးကာတဲ့သူနဲ့ အာဏာဩဇာ တည်ဆောက်ချင်သူက ထက်ဝက်ကျော်ရှိနိုင်တယ်လို့ပြောရင် မှားမယ်မထင်ပါ။ ဒီဟာတွေကြောင့်ဘဲ ချင်း ဆိုတဲ့ ဘုံနာမည်နဲ့ စျေးဘန်းခင်းလို့ မကောင်းခဲ့တာပေါ့။ အာဏာရှင် မင်းအောင်လှိုင်နဲ့ တော်လှန်ရမယ့် အထဲမှာ အထက်ပါအတွေးခေါ်တွေက ထိပ်ဆုံးကပါတယ်။

မျှော်လင့်ချက် မေ့နေတာမျိုးတော့ မဟုတ်ဘူး၊ အသံတိတ်နေတဲ့ လူငယ်တွေ အများကြီးရှိတယ်။ သူတို့တွေ အသံထွက်လာအောင် အားပေးအားမြှောက် (Empowerment) လုပ်ရမယ်။ ကိုဆလိုင်း အောင်မြင့် ပြောသလို ချင်းမျိုးနွယ်စု တခုအတွင်းသော်လည်းကောင်း၊ မျိုးနွယ်စု အချင်းချင်းကြား သော်လည်း‌ကောင်း (Intra နဲ့ Inter Tribalogue) များများ လုပ်ဖို့လိုတယ်။ နိုင်ငံရေးမှာ အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် တံခါးကျယ်ကျယ် ဖွင့်ရပါလိမ့်မယ်။ အရေးကြီးဆုံးက လူမျိုးရေး ခြံစည်းရိုး၊ ဘာသာရေးခြံစည်းရို၊ ကျားမခြံစည်းရိုး စသည့်ငါတို့အားလုံး အမြင်ကွယ်စေတဲ့ ခြံစည်းရိုးအားလုံးရဲ့ အပြင်ထွက်ပြီး လူသားအားလုံးအတူတူပါဆိုတဲ့ ကွင်းပြင်မှာအတူတူထိုင် ကော်ဖီသောက်ရင်း တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်စကားပြောခြင်းဖြင့်စရင် မကောင်းဘူးလား။

Rual Lian Thang

Banner: Portrait of an old Chin woman in traditional dress with a tattoo on her face. GUDKOV ANDREY, Shutterstock

Posted by Rual Lian Thang

Rual Lian Thang comes from Chin State, Myanmar. He is a founding member and editor of the Chindwin News Agency. He completed Master of Environmental Management and Development at the Australian National University. He holds a keen research interest in ethnic politics and natural resource sharing and management Myanmar.