[ဒီအက်ဆေးကို ဒါကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် မှာထုတ်ဝေတဲ့ Prothom Alo မှာ ပထမဆုံးပုံနှိပ်ဖော်ပြခဲ့ပါတယ်။ https://en.prothomalo.com/opinion/vrzhgu4bys ]
ဂစ်တာ၃လုံးကိုတီးပြီး စစ်ဆန့်ကျင်ရေးသီချင်းတပုဒ်ဖြစ်တဲ့ “Give peace a chance” သီချင်းဆိုရင်း နယူးယောက်မှာ၊ ဒါမှမဟုတ်လန်ဒန်မှာ စစ်ဆန့်ကျင်ရေးချီတက်ပွဲကို ဦးဆောင်နေတဲ့ John Lennon နဲ့ Liverpool က သူ့ဂီတအပေါင်းအဖော်တွေအကြောင်း ဒါမှမဟုတ် “Where have all the flowers gone….” သီချင်းကိုဆိုနေတဲ့ Pete Seeger အကြောင်းကို အတွေးထဲမှာ သရုပ်ဖော်ကြည့်ပါ။
မှန်မှန်ကန်ကန် လူစိတ်ရှိသူတွေ ဟာ ငြိမ်းချမ်းရေးကိုငြင်းဆန်မှာလား၊ လက်ဖက်ရည်လား၊ သစ်သီးစုံအရက်လားငြင်းနေတာကို ဖြေရှင်းနေမှာလား။ ဒါပေမယ့် ကျနော့်ဇာတိဖြစ်တဲ့ မြန်မာပြည်ကတော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ထဲကနေ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံပဋိပက္ခတ်တွေ တွေကုဋေကဋာနဲ့ တစိမ့်စိမ့်ကြုံတွေ့နေခဲ့ရပြီး က ပြည်တွင်းစစ်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ
ရဲ့ ဌာနေဖြစ်ခဲ့ရုံသာမက ( “လူမျိုးတုံးသတ်ဖြတ်မှုတွေ” လို့ အများဆိုင်နာမ်ကို ကျနော်သုံးပါတယ်။) ့ အပစ်အခက်ရပ်စဲရေးတွေ၊ စေ့စပ်ဖြန်ဖြေရေးတွေ၊ ငြိမ်းချမ်းရေးထောက်ခံသူတွေရဲ့ဆန္ဒပြပွဲတွေ၊ နိုင်ငံအနှံ့” ငြိမ်းချမ်းရေးတွေ့ဆုံဆွးနွေးပွဲ” တွေဟာ နှစ်၆၀ကျော်ကြာနေခဲ့ပါပြီ။
မြန်မာပြည်ဟာ အတက်အကျပြင်းထန်လှတဲ့ ကမ္ဘာ့ အရှည်ကြာဆုံး နဲ့ဆက်တိုက်ပြည်တွင်းစစ်တွေဖြစ်ပွားနေခဲ့ပြီး ပြင်ပက ဇာတ်ဆောင်တွေရဲ့ ထူးထူးကဲကဲပါဝင်မှုရှိတာဖြစ်ဖြစ်၊ မရှိတာပဲဖြစ်ဖြစ် ” တွေ့ဆုံဆွေးနွေးရေး”၊ “စေ့စပ်ညှိုနှိုင်းရေး”၊ “ငြိမ်းချမ်းရေး” နဲ့ “အပစ်အခက်ရပ်စဲရေးတွေ” အစပျိုးဖို့ရာတွေမှာ အမြဲတမ်းလိုကို ကျဆုံးခဲ့တဲ့ သမိုင်းအရှည်ကြာဆုံးတိုင်းပြည်လဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ တနိုင်ငံလုံးက လူမျိုး တွေရဲ့ အထက်တန်းစားတွေဟာ ငြိမ်းချမ်းရေးကိုကြန့်ကြာစေတဲ့အတွက် နိုဘယ်ငြိမ်းချမ်းရေး ကြန့်ကြာ ဆုနဲ့ထိုက်တန်ကြပါပေတယ်။
လွန်ခဲ့တဲ့၃၅နှစ်ကျော်ကာလတွေမှာ ကျနော်ဟာ တွေ့ဆုံဆွေးနွေးခြင်းကို လက်ခံခြင်းနဲ့ ငြင်းဆန်ခြင်း နှစ်ဘက်လုံးမှာ ရှိနေခဲ့ပါတယ်။ ဘာလို့ အဲ့ဒီလိုမဖြစ်ရမှာလဲ။ John Maynard Keynes ရဲ့ ထင်ရှားလှတဲ့ အုပ်ချုပ်ရေးကို မဏ္ဍိုင်ပြုရတဲ့တိုင်းပြည်စီးပွားရေးသီအိုရီအရ လက်တွေ့အဖြစ်အပျက်တွေ/ အထောက်အထားတွေ ပြောင်းလဲသွားတဲ့အခါ ကျနော်ဟာ ကျနော့်ရဲ့ အတွေး/အမြင်ကို ပြောင်းပါတယ်။ လက်တွေ့အရှိတရားမှာတော့ ၁၉၆၂ခုနှစ်ကစပြီး တတိယမြောက်စစ်အစိုးရရဲ့ လူမျိုးတိုးသတ်ဖြတ်မှုကျူးလွန်သူတွေထဲမှာရော၊ အရေးအကြီးဆုံးဖြစ်တဲ့ လွတ်လပ်ရေးရပြီးထဲကနေ တိုင်းပြည်ကို အုပ်စီးပြီး လွှမ်းမိုးတဲ့လူမှုအဖွဲ့အစည်းအနေနဲ့ရှိခဲ့တဲ့ လူများစု ဗမာဗုဒ္ဓဘာသာဝင်တွေဆီကနေ သဘောတူညီမှုနဲ့ထောက်ခံအားပေးမှုတသဘောထဲရရှိတာကို ကျေနပ်နေကြတဲ့လက်နက်ကိုင်ခုခံကာကွယ်မှုထဲမှာရော…. ဘယ်သူ့ဆီမှာမှ ငြိမ်းချမ်းရေးအတွက် လုံးဝကို အာသီသ မရှိကြပါဘူး။
ဒီရက်ပိုင်းမှာ ခေတ်စားနေတဲ့ စကားလုံးနှစ်လုံးကို ကြားမိကြပါလိမ့်မယ်။ မြန်မာပြည်ရဲ့နှစ်ရှည်အကျပ်အတည်းအတွက် အာဆီယမ်ရဲ့ ” ဗဟိုချက်” နဲ့ “အတူတကွစုပေါင်းပြီး”ဆိုတဲ့စကားလုံးနှစ်လုံး။
အာစီယမ်ရဲ့ အုပ်စုလိုက်နဲ့ အမြင့်ဆုံးအဆင့်ဦးဆောင်လမ်းပြခြင်း လုံးဝအထမြောက်မှုမရှိခြင်းဟာ မြန်မာမြေပေါ်မှာ ငြိမ်းချမ်ရေးဆိတ်သုဉ်းနေတာဟာ သက်သေအထောက်အထားပါပဲ။ အာဆီယမ်ထိပ်သီးအစည်းအဝေးပွဲတွေ တနှစ်ပြီးတနှစ်ကြာလာတဲ့အခါမှာ အပေါင်းလက္ခဏာမဲ့ တဲ့ ခေါင်းစည်းသတင်းတွေကို တချက်ဖတ်ကြည့်တာနဲ့ သိကြပါတယ်။
အာဆီယမ်အစုအဖွဲ့နိုင်ငံတွေဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ခမာနီလူမျိုးတုန်းသတ်ဖြတ်မှုလို့နာမည်တွင်တဲ့ သူ့ အာစီယမ်မြေထဲမှာ လူမျိုးတုန်းသတ်ဖြတ်တဲ့ Lemkinian လူမျိုးတုံးသတ်ဖြတ်မှုတွေ “”ရာဇဝတ်မှုအားလုံးရဲ့မိခင်”ကိုတောင်မှ ဖြေရှင်းညှိုနှိုင်းနိုင်စွမ်း မရှိကြောင်း သူ့ကိုယ်သူ သက်သေပြပြီးခဲ့ပါပြီ။
အာဆီယမ်ရဲ့ အားအထားရဆုံး နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ ကျနော်ရဲ့ညီအစ်ကိုလိုခင်တဲ့ မလေးရှားလူမျိူး Saifuddin Abdullah ကို ” မြန်မာပြည်ရဲ့ ရာဇဝတ်မှုတွေနဲပပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖို့အတွက်နဲ့ ခင်ဗျားရဲ့ခိုင်မာတဲ့ရပ်တည်ချက်အတွက် ခင်ဗျား ဘာတွေကြောင့် စေ့ဆော်ပေးတာလဲ” လို့ ကျနော်မေးဖူးတယ်။ ” ကမ္ဘောဒီးယားမှာ ကျနော်တို့ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် မြန်မာပြည်မှာလဲ ကျနော်တို့ထပ်မရှုံးချင်ဘူး။” လို့ သူပြန်ဖြေတယ်။ သူ့ရဲ့ အဖြစ်အပျက်အခြေအနေတွေအပေါ်ရှုမြင်မှုနဲ့ ကျိုးကြောင်းဆက်စပ်မှုက မှတ်သားစရာနဲ့ချီးကျူးစရာဖြစ်ပါတယ်။ မြန်မာကိစ္စမှာ အာဆီယမ်ဟာထပ်ပြီး ကျရှုံးဦးမယ်လို့ သူမြင်ကောင်းမြင်နိုင်ပါတယ်။
၂၀၂၄ခုနှစ်မှာကျင်းပမယ့် အာဆီယမ်ရေတပ်ဦးစီးချုပ်များညီလာခံမှာလူမျိုးတုန်းသတ်ဖြတ်တဲ့ရာဇဝင်မှုတွေကို မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့စစ်အစိုးရ ရွေး မြန်မာနိုင်ငံ စစ်အစိုးရကို ဥရောပ-အာဆီယမ်ကုန်သွယ်ရေးဆက်စပ်မှုကိစ္စတွေမှာဦးဆောင်တဲ့နေရာမှာ ရွေး။ အာဆီယမ်ဟာ မြန်မာနဲ့ပတ်သပ်လာပြီဆိုရင် စိတ်ကစဉ့်ကလျားရောဂါရနေတဲ့အတိုင်းကိုကျင့်ကြံပြုမူပါတယ်။
ပြီးခဲ့တဲ့နောက်ဆုံးဆယ်စုနှစ်တလျှောက်လုံးမှာ မြန်မာပြည်အတွက် မြန်ဆန်တဲ့လမ်းကြောင်း ဦးဆောင်ကြိုးစားခဲ့တဲ့ ၊ ပြီးခဲ့တဲ့အပတ်က အသက်၉၈နှစ်ပြည့်ခဲ့တဲ့ ယခင်မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီရာမိုဟာမက်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် ဝမ်းနည်းနောင်တရနေပါတယ်။ လက်ရှိ ဝန်ကြီးချုပ်Anwar Ibrahim ကတော့ မြန်မာနိုင်ငံကို အာဆီယမ်ကနေ ထွက်သွားအောင် ပိုပြီးပြင်းပြင်းထန်ထန်လုပ်ဖို့ တွန်းအားပေး နေပါတယ်။
အာဆီယမ်အဖွဲ့ဟာ ကြော်ဖို့အတွက် ပိုပြီးကြီးတဲ့ငါးကို မိထားပြီးသားပါ။ ဒါပေမယ့် ကိုယ်ကျိုးအတွက်ပဲ အဓိကကြည့်နေကြတဲ့အခြေအနေတွေမှာ ဘယ်ငါးကမှ သေးသေးကွေးကွေးငါးတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ရွေးကောက်ခံနဲ့ စည်းမျဉ်းခံဘုရင်စနစ်နိုင်ငံရေး မျက်နှာစာနှစ်မျိုးကျင့်သုံးတဲ့ ကိုးနှစ်ကြာ ထိုင်းအစိုးရဟာဆိုရင် မြန်မာစစ်အစိုးရနဲ့ အနီးကပ်အကျိုးစီးပွားဖက်ဖြစ်ပြီး စင်္ကာပူ ဟာလည်း ခမာနီသက်တမ်းတိုခေတ်ကာလကိုပြန်ကြည့်မယ်ဆိုရင် လူမျိုးတုံးသတ်ဖြတ်မှုပူးတွဲကြံရာပါနိုင်ငံအနေနဲ့ သူ့အကျင့်တွေကိုရှင်းရှင်းလေး ထပ်လုပ်နေပါတယ်။ အဲ့ဒီ့ သေလုမျောပါးသက္ကရာဇ်တွေမှာ စင်္ကာပူမြို့နိုင်ငံဟာ ပိုပေါ့ကို လောင်စာတွေရောင်းခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့ကွန်မြူနစ်တွေဆီကနေ ကမ္ဘောဒီးယားပင်လယ်ကွေ့ဆီကဖမ်းမိတဲ့ငါးတွေကိုလက်ကားဝယ်ပါတယ်။
နေပြည်တော်က စစ်ရာဇဝတ်ကောင်တွေနဲ့ လက်နက်ရောင်းဝယ်နေတဲ့နိုင်ငံတကာလက်နက်ရောင်းဝယ်မှုအကြောင်း ကုလသမဂ္ဂအစီရင်ခံစာထွက်လာခဲ့ရင် အာဆီယမ်အဖွဲ့ဝင် ထိုင်းနဲ့စင်္ကာပူနှစ်နိုင်ငံလုံးဟာ မြန်မာစစ်အစိုးရကိုလက်နက်ရောင်းနေတဲ့ထိပ်ပိုင်း၅နိုင်ငံထဲမှာ တွေ့ရပါလိမ့်မယ်။ ဒီလိုအိမ်နီးချင်းအာဆီယမ်နိုင်ငံတွေမျိုးမှာ ဘယ်နိုင်ငံက စစ်အစိုးရ ရန်သူဖြစ်ချင်ပါ့မလဲ။
နိုင်ငံတွေစုဖွဲ့ထားတဲ့ အာဆီယမ်ဟာ ကြိုးစားခဲ့တဲ့ပြီးရှုူံးနိမ့်ခဲ့တဲ့မူဝါဒတွေနဲ့ အခြေခံမဏ္ဍိုင်တွေ ဘယ်လိုပဲ နာမည်တပ်တပ် ဒီအတိုင်းဆက်ပြီး ထပ်ကာထပ်ကာလုပ်နေဦးမှာပဲ။
ဦးစီးဦးဆောင်နေရာမှာ နိုင်ငံအမျိုးမျိုးက လှည့်ပြီး တာဝန်ယူနေလဲပဲ သူ့ထဲက နိုင်ငံရေးသမားတွေနဲ့ တာဝန်ရှိသူတွေဟာ လွန်ခဲ့တဲ့နှစ်၅၀ကျော်ကနေရာမှာ ” ငြိမ်းချမ်းရေးနဲ့ချမ်းသာကြွယ်၀ရေး” မှတ်တမ်းတွေကို ဆင်ပြီးအမွှမ်းတင်နေဦးမှာပဲ။
ဖြည့်ပြီးပြောရရင် ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနှစ်ခုနဲ့ ပြည်တွင်းစစ်တွေရဲ့ သန်းနဲ့ချီတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုသားကောင်တွေ၊ ပြည်တွင်းစစ်သားကောင်တွေ၊ Duterte အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ သွေးအေးအေးနဲ့ ကွက်မျက်ခံခဲ့ရတဲ့၊ဒါမှမဟုတ် အသတ်ဖြတ်ခံခဲ့ရတဲ့ ဖိလစ်ပင်းလူမျိူးပေါင်းနှစ်သောင်းနဲ့၊ ဆက်ပြီးဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ပဋိပက္ခတ်မှာ အသတ်ဖြတ်ခံခဲ့ရတဲ့ထောင်ချီတဲ့ထိုင်းလူမျိုးတွေရဲ့ အနာတရတွေကို ကယောင်ကတမ်းနဲ့ စော်ကားလိုက်တာပါပဲ။
ပြီးခဲ့တဲ့အပတ်က ဂျာကာတာမှာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးလုပ်ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်ရဲ့့ အမြင် တင်ပြချက်ဖြစ်တဲ့ “ညှိုနှိုင်းဆွေးနွေးခြင်းကို ထောက်ခံခြင်း” – ဆိုတာကို ပူးတွဲကြေငြာချက်တွေက “ကောင်းမွန်တဲ့အသွင်ဆောင်တဲ့တိုးတက်ခြင်း” လက်ခံခဲ့တဲ့ အခုအခါမှာ ကျနော် လူသိရှင်ကြားသတိပေးရပြီ။
ဒေါ် အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာလူမျိုးတုံးအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းတွေကို သတင်းယူခဲ့တဲ့ ရိုက်တာသတင်းဌာနက သတင်းသမားနှစ်ယောက်ကို ထောင်ကျလိုက်တာအပါအဝင် နိုင်ငံရေးနဲ့ဆုံးဖြတ်ချက်တွေကို တလွဲဦးဆောင်ခဲ့တယ်။ ဉာဏ်အမျှော်အမြင်ရှိပြီး သက်ရောက်မှုကြီးမားတဲ့ မူဝါဒတွေဆိုတာဟာ သက်သေခံအထောက်အထား ဒါမှမဟုတ် လက်တွေ့မျက်မြင်အရှိတရားတွေအပေါ် နားလည်မှုမှာ အခြေပြုထားရတာဟာ ထုံးစံပါပဲ။
နိုင်ငံတွေစုဖွဲ့ထားတဲ့ အာဆီယမ်ရဲ့သိသားထင်ရှားလှတဲ့ ယုံမှားခြင်းတွေနဲ့ မြန်မာနိုင်ငံအကြောင်း ချာချာလည်နေတဲ့မီဒီယာတွေဟာ ဉာဏ်အမျှော်အမြင်ရှိပြီး သက်ရောက်မှုကြီးမားတဲ့ မူဝါဒတွေ မဟုတ်ပါဘူး။
ဒီနှစ် ဇန်နဝါရီထဲက အာဆီယမ်ဥက္ကဌဖြစ်ချိန်ကစပြီး ၇လကျော်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံဟာ အစည်းအဝေးပေါင်း (၁၁၀) ကို ကျင်းပနေချိန်တွေမှာ မြန်မာစစ်အစိုးရဟာ အိမ်ခြေ ခြောက်သောင်းလေးထောင်ကိုဖျက်ဆီးခဲ့ပြီးပြီ။ ပြီးတော့ သူ့ကိုခုခံဆန့်ကျင်ကြသူနှစ်သောင်းကျော်ကို ထောင်ချတာ၊ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို အကြ်ိမ်ရာပေါင်းများစွာ လေကြောင်းက ဗုံးကျဲတာတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ အာဆီယမ်နဲ့ မြန်မာ့အရေးကိစ္စတွေဟာ ” ဗဟိုပြုခြင်း” “ပူးပေါင်းခြင်း” ” အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး” စတာ…စတာ…စတာတွေ ကို အင်မတန်စိတ်ပျက်လက်ပျက်ခံစား အံ့သြရတာပါတယ်။
စာရေးသူ မောင်ဇာနည်ဟာ the Forces of Renewal South East Asia (www.forsea.co) ကို တွဲဖက်တည်ထောင်သူတယောက်ဖြစ်ပြီး မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတလျှောက် နိုင်ငံတကာရေးရာမှ နှစ်၃၀ကျော် အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။ မောင်ဇာနည်ဟာ Myanmar’s Enemy of the State Speaks ကို ရေးသားသူဖြစ်ပြီး Myanmar’s Genocide of Rohingyas အက်ဆေးတွေမှာ တွဲဖက်စာရေးသူဖြစ်ပါတယ်။