ကပ် ကြီး မျိုးစုံ ဆိုက် နေသော မြန် မာ ပြည်သူ များ၊ ပြည်တွင်း စစ် ( သို့ ) တော်လှန်ရေး ကြီး ရပ် ပြီး ငြိမ်းချမ်း ရေး လမ်း ပေါ် ဆွဲ တင် ဘို့၊ အဖွဲ့ အား လုံး က ခေါင်းဆောင် တွေ ကို တောင်းဆို ဘို့ လို ပြီ။
အင်း ဝ (သို့) စစ်ကိုင်း တံတား ကြီး လဲ ငလျင် ကြောင့် ဧရာဝတီ မြစ် ထဲ ပြိုကျ သွား ပြီ။ တပြည်လုံး လဲ ပြည်တွင်း စစ် ခေါ်ခေါ် တော်လှန်ရေး ခေါ်ခေါ်၊ လူသန်း နဲ့ ချီပြီး ကပ် ဆိုက် နေ ပီ။
သန်း ၂၀ က ထမင်း ကို နပ် မ မှန်တဲ့ ဘဝ ။ ၃.၅ သန်း က စစ်ပြေး ဒုက္ခ တော် ရောက်။ တရားမဝင်ရော၊ တရားဝင် ရော အိမ်နီးချင်း နိုင် ငံ တွေ မှာ ကြုံရ ကျဖမ်း ကျီးလန့်စာစား လုပ် စား နေ ကြ တာ က ၃၊ ၄ သန်း။
ဂျင်နဆိူက် လုပ် လို့ ဘဝ ပျက် တဲ့ ရိုဟင်ဂျာ ၁ သန်း ကျော် က လဲ ကိုယ့် ပြည် သူ ဘဲ။ အား လုံး က မြန် မာ ပြည် ရဲ့ လူ သား ရင်းမြစ် တန်ဘိုး ရှိ ကျတာ ကို မှားယွင်း တဲ့ မူ ဝါဒ လူမျိုး ရေး ဘာသာ ရေး အမြင်ကျင်း အစွမ်းရောက် မှု တွေ၊ အာဏာ အခြေခံ ပါတီ နိုင်ငံရေး နဲ့ တလွဲဆံပင် ကောင်း တပ်မတော် ရဲ့ ဆင်ကန်း တော တိုး မှု တွေ ကြောင့် နိုင်ငံ လည်း အစိပ် စိပ် အမွှာ မွှာ။
ပြည်သူ က လည်း ကျောမွဲဘဝ က မတက်။
ဇွတ် စစ် မှု ထမ်း ခိုင်း တာ က တပ်မတော် ရော ၊ ဆန့်ကျင် တဲ့ အဖွဲ့ တွေ ရော။ သိန်း နဲ့ ချီ ပြီး ဘာသာစုံ လူမျိုး စု က လူငယ်တွေ သေနတ် ကိုင် ပြီး တပြည် ထဲ သား ချင်း သတ် နေ ကြရတဲ့ အဖြစ် မို့ စီးပွားရေး၊ စိုက်ပျိုးရေး၊ ပည္ညာရေး ၊ နည်းပညာ ရေး အုပ်ချုပ် ရေး ကူးသန်း ရောင်း ဝယ် ရေး ၊ မိသားစု အရေး၊ လူ ငယ် သဘာ ဝ ချစ်ရေး ကြိက် ရေး ပုံ မှန် ဘယ်သူ မှ မလုပ် နိူင်။
အပြတ်အသတ် နိုင် ဘို့ လမ်း မ ရှိ။ ပြည်တွင်းစစ် မှာ တိုင်ပြည် တခု လုံး ရှုံး ၏။ နိုင်သူ လဲ ရှုံး ရှုံး သူ လဲ ရှုံး ။
ကောင်းမွန် တိုးတက် ငြိမ်းချမ်း တဲ့ နိုင်ငံသစ် တွေ ပေါ် လာ ဘို့ လဲ လူမျိုး ရေး အခြေခံ ပြီး တိုက် ကြ တဲ့ စစ် မို့ အလားအလာ မရှိ ။
အပြည်ပြည် ဆိုင်ရာ တရားစီရင် မှု က လဲ ဘယ်သူ့ မှ တရားမျှတ မှု ကို မ ပေး နိုင်။ အိုင်စီစီ၊ အိုင်စီဂျေ၊ အာဂျင်တီးနား လဲ မေ့ သာ ထား လိုက် တော့။
အားကြီး အိမ်နီးချင်း တွေ က လည်း မြန်မာ ပြည် ရဲ့ ပြည် တွင်း ရေး အမှိုက် ပုံ ကြီး ကို ကျွက် လို လို ချင် တာ မွှေ စား တာ ဘဲ ဆက် လုပ် ကြ လိမ့်မယ်။ တရုတ် အိန္ဒိယ အာစီယာန် တွေ က မြန်မာ ပြည် စစ်ရေး ကို ရှင်း ပေး ဘို့ မျှော်လင့်ချက် မရှိ။
တပ်မတော် အပါအဝင် ဆန့်ကျင် ဘက် က တော်လှန်ရေး အဖွဲ ့အစည်း အသီးသီး ကခေါင်းဆောင် တွေ အမြော်အမြင် မရှိ ၊ ညှိ နိုင်း ဆွေးနွေး မှု မရှိ ရင် ဘဲ ဆက် သတ် ကြ၊ တ်ုက် ကြ၊ ဖျက်ကြရင် တော့ ဆိုင်ရာ နယ် ခံ။ လူမျိုး စုံ ဘာသာစုံ ဒေသ စုံ က လူထု အကုန် တိုင်းပြည် ပျက် ကြီး ထဲ မလုံမခြုံ၊ မဝတဝ နဲ့ လူ မပီပြင် တဲ့ ဘဝ မှာ ဘဲ ဆက် ပြီး ဖုတ်လိုက် ဖုတ် လိုက် ရှင် သန် ရုန်းကန် နေ ရ ဦး မယ်။
ဘယ် အဖွဲ့ မှ ရည်ရွယ်ချက် ၁၀၀ % ပြည့် လိုချင် တာ ရ မှာ မဟုတ် ။
လျှော့ ပီး တပြည်လုံး ပြည်သူ တွေ ပြည် တွငိး စစ် ကပ် ကြီး ဆိုက် တာ ရပ် ဘို့ ဦးတည် သင့် ပြီီ။ ရှိသမျှ သယံဇာတ ရောင်း ပြီး မ နိုင်တဲ့ စစ်ကြီး၊ တော်လှန်ရေး ကြီး တွေ ကို လူ ငယ် ထောင် သောင်း ချီ ပြီး အနာ ဂါတ် မဲ့ မြန်မာ ပြည် ကြီး အတွက် ဆက် တိုက် ကြ တာ က ငလျင် ထက် ပို ဆိုး တဲ့ ပေါ်လစီ တွေ မှား နေ တဲ့ ကပ် အကြီး ဆုံး သာဖြစ် တယ်။
မြန်မာ လူ ထု ကြီး ငြိမ်းချမ်း ရေး တောင်း ဆို ဘို အချိန် တန် ပြီ။
အား လုံး က သင်ပုံး ချေ ရ ကြ မှ ပြည်သူ့ တွေ ငြိမ်းချမ်း မည်။
ငြိမ်းချမ်း ရေး ဦး မတည် တဲ့ အဖွဲ့ တွေ၊ ခေါင်းဆောင် မှု တွေ ကို ပစ်ပယ် သင့် ပြီ။
Watch FORSEA’s Dr Maung Zarni advocating, on TRT World Newsmakers Program on 28 March 2025, for restoring political stability and initiating an internationally sponsored peace process in Myanmar on the 80th Anniversary of Myanmar’s Anti-Fascist Resistance Day (against the occupying Japanese Fascist rule from December 1942- May 1945)
A compilation of earthquake updates in Burmese & Asia Nikkei here –
https://www.facebook.com/