ယ္ခုလက်ရှိမြန်မာ့တပ်မတော်၏ စစ်သားများသည် အလွန်ဆိုးရွားသော စိတ်အကျပ်တည်းရိုက်ခိုက်မှုကို ရင်ဆိုင်ခံစားနေရသည်ဟု ဆိုရလျှင် မှားမည်မဟုတ်ပေ။ လက်ရှိတိုင်းပြည်ကို စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အနာဂတ်ကို သစ္စာဖောက်ခဲ့တယ်ဆိုတာ တပ်မတော်သားအများစုကသိပါတယ်။ တိုင်းရင်းသားလူမျိုးစုအများ ရာစုနှစ်တစ်ဝက်ကျော်ကြာ ခံစားခဲ့ရသည့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကို ယခုအခါ မြို့ပြအရပ်သားများ နှင့် ကျေလက်ဒေသနေ ဗမာလူမျိုးများကိုယ်တိုင် က တွေ့ကြုံခံစားနေရလေသည်။ မြန်မာစစ်သားများ အနေဖြင့် အေးချမ်းစွာနေထိုင်သော အရပ်သားများကို ၄င်းတို့၏ အထက် ဗိုလ်ချုပ်များ၏ အမိန့် အရ ဖမ်းဆီး၊လုယက်၊သတ်ဖြတ်ကာ ရွာများကိုမီးရှို့ ဖျက်ဆီး နေခြင်းသည် ၄င်းတို့ ကိုယ်တိုင် ကတိပွုထားသော ပွညျသူလူထုနှငျ့ လှတျလပျသော လူ့အဖှဲ့အစညျးတှကေို ကာကှယျပေးရမညျ့ စစျတပျ (တပ်မတော်) ၏ တာဝနျကို တိုကျရိုကျ ဆနျ့ကငြျရာ ရောကျပသေညျ။

ယ္ခုလိုအခက်အခဲကို ကျော်ဖြတ်ဖို့ မြန့်မာ့တပ်မတော်သားများ ဘာလုပ်ကြမလဲ? ရဲရင့်သော ရဲဘော်အချို့သည် အာဏာရှင်၏ မတရားသောအမိန့် ကိုဆန့်ကျင်သည့် ရုံးမတက်နဲ့ရုန်းထွက်ဟုဆိုသည့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင်ပါဝင်လာကြသည်။  စစ်အာဏာရှင်စနစ်အောက်မှ တိမ်းရှောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသို့ (PDF) ဝင်ရောက်လာသည့် စစ်သားများလည်း ရှိပါသည်။ CDM အဖွဲ့များ၏အဆိုအရ ပြည်သူ့ရဲနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် တစ်ထောင်ကျော်သည် CDM သို့ ၀င်ရောက်ခဲ့သည်ဟုသိရပါသည်။ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း တိမ်းရှောင်လာသော စစ်သားများအား ငွေသားဆုချခြင်းနှင့် လုံခြုံသောနေရာများ ဖန်တီးပေး ခြင်းဖြင့် CDM လှုပ်ရှားမှုတွင်ပါလာဝင် လာစေရန် တိုက်တွန်းလှုံ့ဆော်ခဲ့သည်။

၎င်းစစ်သည်တော်တို့၏ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များသည် မြန်မာမိဘအများစု သွန်သင်ဆုံးမလေ့ရှိသည့်အတိုင်း ကောင်းသောနိုင်ငံသားများဖြစ်ရန်နှင့် နောင်ဘ၀အတွက် မကောင်းသောအကုသိုလ်များကို မွေးမြူခြင်းမှရှောင်ကြဉ်ရန် ဆိုသည့်ဆုံးမသြဝါဒများကို လိုက်နာသည့်သဘောပင်ဖြစ်သည်။ စစ်ဖက်ခေါင်းဆောင်ကြီးတွေရဲ့ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ဖို့အမိန့်ကို မလိုက်နာဘဲတပ်ကတိမ်းရှောင်ထွက်ပြေးတာဟာ စစ်ဖက်ခေါင်းဆောင်တွေမြင်သလို တပ်ပြေးများမဟုတ်သည့်အပြင် နိုင်ငံနှင့်ပြည်သူကိုကာကွယ်စောင့်ရှောက်ဖို့ဆိုပြီး စစ်သားတွေစစ်မှုထမ်းဖို့ ဝင်လာတုန်းက ၀န်ခံကတိပြုခဲ့တဲ့ကျင့်ဝတ်ကို လိုက်နာခြင်းသာဖြစ်ပါသည်။

အချို့တပ်မတော်သားများသည် ပုန်းရှောင်သွားကြပြီး အချို့မှာတတိယနိုင်ငံများသို့ ထွက်ပြေးသွားကြသည်။ မည်သည့်နည်းဖြင့် စစ်တပ်မှထွက်သည်ဖြစ်ပါစေ ဒါတွေဟာ ပြည်သူ့များအပေါ်ကျုးလွန်သည့် ရာဇဝတ်မှုများတွင် ပါ၀င်ရန် ငြင်းဆန်သော မျိုးချစ်လုပ်ရပ်များဖြစ်သည်။ ၎င်းတို့သည် စစ်ဗိုလ်ချုပ်များထင်မြင်သကဲ့သို့ စစ်ပြေးဒုက္ခသည်များမဟုတ်၊ လွတ်လပ်သောလူများအပေါ် သစ္စာရှိမှုနှင့် ဒီမိုကရေစီစနစ်ရှင်သန်ရေး၏ သန့်ရှင်းမှုတို့အတွက် သူရဲကောင်းဆန်သော ဆုံးဖြတ်ချက်များသာဖြစ်သည်။

မြန်မာ့တပ်မတော်သားများအနေနှင့် အကုသိုလ်မပွားများလိုပါက ရှောင်ရှားရွေးချယ်ရန် နည်းလမ်းနှစ်ခုရှိသည်။ ပထမနည်းလမ်းကတော့ အခွင့်အရေး ကြုံလာပါက ဖြစ်နိုင်လျှင် စစ်တပ်ရဲစစခန်းများမှထွက်ပြေးတိမ်းရှောင်ပြီး Civil Disobedience Movement (CDM) တွင်ပါဝင်ရန်ဖြစ်သည်။ ဒုတိယနည်းလမ်းကတော့ တပ်ဖက်အရာရှိများ၏ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အရပ်သားများအားသတ်ဖြတ်ရန် အမိန့်များကို အကောင်အထည်ဖေါ်ရာ၌ အတပ်နိုင်ဆုံးရရာနည်းလမ်းများဖြင့် နှေးနှေးကွေးကွေး အချိန်ဆွဲပြီး မထိရောက်အောင် (သို့မဟုတ်) ရပ်တန့်ပစ်ရန် နည်းလမ်းများ ရှာဖွေရန်ဖြစ်သည်။ ပြည်သူ့အသက်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို တပ်ဖက်အရာရှိများ၏ အမိန့်အရဖျက်ဆီးခြင်းမှ ရှောင်ကျဥ်ခြင်းသည် လူ့ကျင့်ဝတ်နှင့်ညီသော သိက္ခာရှိသည့် လုပ်ရပ်တစ်ခုဖြစ်သကဲ့သို့ မိမိအနေဖြင့် စစ်တပ်ခေါင်းဆောင်များအား မလိုလားအပ်သော ဖျက်ဆီးခြင်းနှင့် အရပ်သားများအား သတ်ဖြတ်ခြင်းများ မပြုရန်ဟန့်တားခြင်းသည် စေတနာမြင့်မြတ်၍ သိက္ခာရှိသော ကျင့်ဝတ်တစ်ခုဖြစ်သည်။ တစ်စုံတစ်ဦး၏ မကောင်းသော အကျင့်လုပ်ရပ်များကို ထိုသူမကျူးလွန်ဖြစ်အောင် ဟန့်တားနိုင်ခြင်းသည် ထိုသူကိုကူညီရာရောက်ပေသည်။ ထိုသို့အကူအညီပေးနိုင်ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာအများ ယုံကြည်ထားသည့် သူတပါး၏ နောင်ဘဝကံကို ကောင်းမွန်အောင် ဖေးမကူညီမှု တစ်ခုပင် ဖြစ်ပေသည်။ ယ္ခုအချိန်အခါတွင် မြန်မာနိုင်ငံသားများ နားလည်သဘောပေါက်သည့်ပုံစံအတိုင်းပင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖြုတ်ချရေးသည် ဓမ္မ နှင့် အဓမ္မ၊ တရားမှု နှင့် မတရားမှုတို့ ရင်ဆိုင်သည့် မြန်မာ့သမိုင်းဝင် ထူးခြားသည့် တိုက်ပွဲဖြစ်ပေသည်။ ထို့ကြောင့်   ရက်စက်ကြမ်းကြုတ်မှုမျိုးစုံကို ကျူးလွန်တော့မည့် စစ်အာဏာရှင်လူရမ်းကားများထံမှ လက်နက်များကို သိမ်းဆည်းခြင်းသည် ကျူးလွန်ခံရမမည့်ပြည်သူများကို ကာကွယ်ကူညီယုံသာမက မတရားမှုဆောင်ရွက်မည့် စစ်အာဏာရှင်များအားလည်း မတရားမှုလုပ်ဆောင်ခြင်းမှ ဖယ်ရှားပေးရာရောက်သည်။ သို့သော် တပ်မတော်သား တော်တော်များများအတွက် အထက်ပါရွေးချယ် ရမည့်လမ်းတွေက အရမ်းအန္တရာယ် များပုံရပါသည်။ စစ်တပ်မှရုန်းကန်ထွက်ခွာသွားသော စစ်သားများသည် စစ်ဆေးတွေ့ရှိပါက ပြစ်တင်ရှုံ့ချပြီးနောက်ထောင်ချခြင်း (သို့) သတ်ဖြတ်ခြင်းခံရနိုင်သည်။ သူတို့မှာ ဘဝနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ၊ ပျက်စီးကြရမည့် မိသားစုတွေ၊ အပြစ်ပေးခံရနိုင်သော  စစ်တပ်ထဲမှာကျန်ရစ်ခဲ့မည့် ညီအစ်ကိုမောင်နှမတွေ၊ မိဘတွေလည်းရှိနိုင်ပါတယ်။ သီးခြားကမ္ဘာတစ်ခုသဖွယ် မြန်မာ့တပ်မတော်ထဲမှာ မိသားစုလိုက်တစ်သက်လုံး ကြီးပြင်းလာခဲ့တဲ့သူတို့အတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်လစာ၊ ဥစ္စာဓနနဲ့လူနေမှုအဆင့်အတန်းကို အာမခံပေးထားတဲ့ မြန်မာ့တပ်မတော်ထဲ ကထွက်ပြီး ဘဝသစ်ပြောင်းရမည်ဆိုပါက သူတို့မိသားစုတွေ လက်ရှိအခြေအနေထက် ဆင်းရဲမွဲတေပြီး ခိုကိုးရာမဲ့ဘဝ ရောက်သွားလိမ့်မယ်လို့ စဥ်းစားစိုးရိမ်မှုတွေ ရှိနိင်ပါသည်။ ယ္ခုလိုတွေးပြီး သူတို့သည်နောက်ဆက်တွဲ အန္တရာယ်ကို ရင်ဆိုင်ရဲနိုင်ကြမည်မဟုတ်ပေ။

ဤသို့ဆိုလျှင် တပ်တွင်းရှိ တပ်မတော်သားများအနေဖြင့် ၄င်းတို့ကာကွယ်စောင့်ရှောက်ရန် သစ္စာဆို ကတိပြုထားသည့် မိဘပြည်သူများအား အကြမ်းဖက်ခြင်းနှင့် ဖိနှိပ်မှုများတွင် ပါ၀င်ခြင်းမှရှောင်ကျဥ်ရန် ဘာလုပ်နိုင်မည်နည်းဟု မေးစရာရှိလာသည်။ စစ်တပ်အတွင်း ပိတ်မိနေသောတပ်တွင်းရှိ တပ်မတော်သားများအနေဖြင့် သူတို့ကိုယ်တိုင်အတွက် မကောင်းသော အကုသိုလ်တရားများ ပျိုးထောင်ပြုလုပ်ခြင်းမှရှောင်ရှားရန် နည်းလမ်းများရှိပါသေးသလား။ သိပ်ရှိတာပေါ့။ မျိုးချစ်တပ်မတော်သားများသည် စစ်ယူနီဖောင်းဝတ်၍ တာဝန်များထမ်းဆောင်နေစဉ် စစ်အာဏာရှင်ပပြောက်ရေး ပြည်သူ့လှုပ်ရှားမှုကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခြင်းမပြုပဲ တပ်မတော်ခေါင်းဆောင်များ၏အမိန့်ရ အကောင်အထည်ဖော်လုပ်ဆောင်ရမည့်လုပ်ရပ်များ အကောင်အထည်မပေါ်အောင် တိတ်တိတ်ဆိတ်ဆိတ်ဟန့်တားသည့် လုံခြုံသော အာဏာဖီဆန်ခုခံခြင်းကို စဥ်းစားတွေးခေါ် လေ့ကျင့် လုပ်ဆောင်ရန်ဖြစ်သည်။ သာမန်စစ်သားများသည် သူတို့၏အသိစိတ်နှင့် သူတို့၏သေခြင်းတရား တို့ကြားတင်းတင်းကျပ်ကျပ်နေရသောအခါ သေခြင်းတရားကိုကြောက်ရွံ့ခြင်းက သူတို့ကိုယ်သူတို့ဘဝဆုတ်ယုတ်စေသည်ဟုအမြင်ရပြီး ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် မိမိဝိဉာဥ်ကိုသာအသိပေးပြီး လက်တွေ့ကျင့်သုံးခဲ့သည့် တိတ်တဆိတ်တော်လှန်ရေးများရှိခဲ့ဖူးသည်။ ၎င်းကိုတိတ်တခိုး မျိုးချစ်စိတ်ဓာတ် ဟုခေါ်သည်။ ၎င်းသည်မိမိကိုယ်တိုင် မတရားအကြမ်းဖက်မှုကို တတ်နိုင်သမျှရှောင်ကြဉ်ရန်နှင့် ရာပေါင်းများစွာသော သေးငယ်သည့်နည်းလမ်းများကိုသုံးပြီး၊ စစ်တပ်၏လုယက်မှုနှင့် ဖိနှိပ်မှုကို တားဆီးရန် ရည်ရွယ်သည်။

အရေးမပါအရာမရောက် သေးငယ်သည့် အပြုအမူများဟု အပေါ်ယံထင်မြင်နိင်မည့် လုပ်ရပ်များသည် ဖိနှိပ်မှုများ၏ရက်စက်ကြမ်းကြုတ်မှုများအား အင်အားတစ်ထောင်ဖြတ်တောက်မှုများဖြင့် ပျော့ပါးပပြောက်သွားစေသောကြေင့် ကျယ်ပြန့်သော လူမှုလှုပ်ရှားမှုတစ်ခုဖြစ်လာစေရန် ကိုယ်တွင်းသိ မျိုးချစ်တပ်မတော်သားများတစ်ဦးချင်းက အချိန်နှင့်အမျှထည့်သွင်းစဥ်းစားလုပ်ဆောင်နိုင်သည်။ ဥပမာအားဖြင့် ဆန္ဒပြသူများအား အမိန့်အရပစ်ရအည်ဆိုလျှင် လက်နက်များဖြင့်တမင် ရည်ရွယ်၍ချော်ပစ်ခြင်း စသည်ဖြင့် အာဏာဖီဆန်မှုပုံစံ အမျိုးမျိုးကိုလုပ်နိုင်သည်။ လိပ်စာမှားဖတ်ခြင်း၊ ဖမ်းဆီးရန်လမ်းကြောင်းမှားယူခြင်း၊ စစ်ဆင်ရေးတစ်ခုနောက်ကျမှရောက်ရှိလာခြင်း၊ စသည့်စဥ်းစားလုပ်ဆောင်မှုတို့ကြောင့် ရည်ရွယ်ထားသော ကျူးလွန်ခံရမည့်သူများသည် ထွက်ပြေးတိမ်းရှောင်ရန် အခွင့်အလမ်းရှိပေသည်။ ဖျားနာဟန်ဆောင်ခြင်း၊ လက်နက်များနှင့်ယာဉ်များကို ပျက်စီးသယောင်လုပ်ထားခြင်း၊ စစ်တပ်မှလုယက်မှုများနှင့် မီးရှို့မှုများတွင် မပါ၀င် ဘဲနည်းလမ်းများဖြင့် ရည်ရွယ်ချက်လွဲမှားစွာအမိန့်ပေးခြင်း စသည့်အသေးစား အာဏာဖီဆန်မှုများ လုပ်ကြသည်။ ၎င်းလုပ်ရပ်များသည် ဖိနှိပ်မှုကိုလျှော့ချရန်၊ အသက်ကိုကယ်တင်ရန် လှည့်စားနိုင်သော အသိဥာဏ်ကိုပံ့ပိုးပေးခြင်း၊ သူတို့၏အထက်လူကြီးများထံမှ ခိုင်းစေသည့်အလုပ်မှုများနှောင့်နှေးစေခြင်း၊ တုံ့ပြန်အကြောင်းကြားမှုကို နှောင့်နှေးစေခြင်းနှင့် စသည်ဖြင့် အကြိမ်ရေမတွက်နိုင်အောင် ad infinitum တိတ်တဆိတ် မိမိ၏တကိုယ်ရေပီဋိအပြည့်ဖြင့် လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ သမိုင်းဥပမာအားဖြင့် ဗီယက်နမ်တောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် တောင်ဗီယက်နမ်အစိုးရတပ်များနှင့် ဗီယက်ကွန်တို့အကြား သွေးထွက်သံယိုမှုအနည်းငယ်သာရှိအောင် နှစ်ဖက်လုံးမှသာမန်စစ်သားများက တိတ်တဆိတ် အာဏာဖီဆန်မှုများရှိခဲ့သည်။ အစိုးရတပ်များထိုးစစ်ဆင်ရန် အမိန့်ပေးသည့်အခါတိုင်း ၎င်းတို့သည်ယာယီဆုတ်ခွာနိုင်ရန် ဗီယက်ကွန် Viet Cong တို့အားကြိုတင်သီတင်းပေးသိရှိခဲ့သည်။ အပြန်အလှန်အားဖြင့် ဗီယက်ကွန်တို့သည် အစိုးရတပ်များချထားသောပြည်နယ်မြို့များကို တိုက်ရိုက်မတိုက်ခိုက်ချေ။ ပြည်တွင်းစစ်သည် စက္ကူပေါ်တွင်ဆက်လက်ရှိနေစဉ် ငြိမ်းချမ်းရေးကို de facto ကြေငြာခဲ့သလိုဖြစ်ခဲ့သည်။

လူ့ဘ၀၌ တာဝန်နှင့်တာဝန်ဝတ္တရားများ လွဲမှားစွာလုပ်ဆောင်ခြင်းအတွက် လူသိရှင်ကြား ဆုချီးမြှင့်ခံရခြင်းနှင့် ကိုယ်ကျင့်တရားလေးစားခံရမှုရှိသည့် အခွင့်အလမ်းများရှားပါးသည်။ ယ္ခုလက်ရှိမြန်မာ့တပ်မတော်အတွင်းရှိ စစ်မှန်သောမျိုးချစ်များအတွက် ဤရှားပါးသောအခွင့်အလမ်းသည် အချိန်ကိုက်ရယူနိုင်ပါက မိမိတို့၏သိတ္ခာနှင့် အသက်ကို ကယ်တင်နိုင်ရုန်သာမက မိမိတို့လေးစားသော လုပ်ဖေါ်ကိုင်ဖက်များနှင့် တပ်မတော်ခေါင်းဆောင်များအား မကောင်းမှုဒုစရိုက်များ အနည်းငယ်ကိုသာ ကျူးလွန်ဖြစ်ရန် ကူညီခြင်းအားဖြင့် သူတို့အား ကယ်တင်ရာလည်း သက်ရောက်ပေသည်။

တစ်ဖက်မှလည်း အာဏာရှင်စနစ်ကို ခုခံနေသူတို့၏မဟာမိတ်များ၊ ၎င်းတို့၏ပါတီဝင်များစွာ နှင့် သူရဲကောင်းများစွာတို့သည် မလွှဲမရှောင်သာ ရန်သူများ၏ယူနီဖောင်းကို ၀တ်ဆင်နေရသည်ကို အမြဲနားလည်ပေးရမည်။ သူတို့ရဲ့အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပျိုးထောင်ပြီး တန်ဖိုးထားရမည်။ ၎င်းတို့သည် စုပေါင်း၍ ကောင်းသောလွတ်လပ်မှုကို ရှာဖွေခြင်းနှင့် ကောင်းမြတ်သော ကံကြမ္မာ ရှာဖွေခြင်းကို ကိုယ်စားပြုသည်။

James Scott and Tun Myint

Photo: Courtesy of James Scott.

James Scott is Sterling Professor Emeritus of Political Science and Professor of Anthropology. For many years, he serves as director of the Agrarian Studies Program. He is a Fellow of the American Academy of Arts and Sciences, has held grants from the National Science Foundation, the National Endowment for the Humanities, and the Guggenheim Foundation, and has been a fellow at the Center for Advanced Study in the Behavioral Science, Science, Technology and Society Program at M.I.T., and the Institute for Advanced Study, Princeton.

His research concerns political economy, comparative agrarian societies, theories of hegemony and resistance, peasant politics, revolution, Southeast Asia, theories of class relations and anarchism. He is currently teaching Agrarian Studies and Rebellion, Resistance and Repression.

More Information: https://anthropology.yale.edu/people/james-scott

Tun Myint

Tun Myint, Chair of Political Science, Carleton University. Professor Myint earned his PhD in 2005 from the joint program of the School of Public and Environmental Affairs and the School of Law at Indiana University, Bloomington. He was a postdoctoral research fellow at The Vincent and Elinor Ostrom Workshop in Political Theory and Policy Analysis at IU, teaching and engaging in research on democracy and environmental governance with a regional focus on Southeast Asia. His research examines the role of individuals and groups in the dynamic relationship between social changes and global environmental changes with the focus on democracy, development, globalization, and sustainability.  His publications have appeared in Ecology & Society, Indiana Journal of Global Legal Studies, Legal Issues in Burma Journal, and Perspectives on Politics.  He is the author of Governing International Rivers: Polycentric Politics in the Mekong and the Rhine.  Professor Myint served as a member of the Technical Advisory Team of the Federal Constitution Drafting Coordinating Committee of the Union of Burma from 2000 to 2005, and was previously Research Fellow of Asia Policy Program, a joint program of the National Bureau of Research and Woodrow Wilson Center for International Scholars.

 

 

Posted by James Scott & Tun Myint