ရိုဟင်ဂျာလူမျိုးစုနှင့် ၎င်းတို့သမိုင်းကို မြန်မာနိုင်ငံမှ ဖျက်ဆီးခြင်းတို့ကို ဂျင်န်နိုဆိုက် (genocide) လူမျိုးတုံးအမြစ်ဖြုတ်မှု အဖြစ်ရှုမြင်ခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့အဆင့်ပညာရှင်များ စကားဝိုင်းတစ်ရပ် ပြုလုပ်ခဲ့သည်။
ကြည့်ရှုနားဆင်ရန်လင့်ခ် — https://www.youtube.com/watch?v=hnI8P3IdqbY
ဆွေးနွေးပွဲတွင် —
(၁) မြန်မာနိုင်ငံမှ ကျူးလွန်သည့် လူမျိုးတစ်စုအမြစ်ဖြုတ်မှုတွင် (Burma Studies academics) မြန်မာ့အရေးလေ့လာသည့် ပညာရှင်များက လုံးဝရေငုံ့ နှုတ်ဆိတ်ခြင်းဖြင့် အလိုတူအလိုပါ ပတ်သက်နေရုံမက မြန်မာနိုင်ငံမှ ကျူးလွန်သည့် လူမျိုးတုံးအမြစ်ဖြုတ်မှုကို ဆန့်ကျင်ပြောဆိုသော ပညာရှင်များကို ဘေးဖယ် ပထုတ်ထားပြီး၊ ထိုပညာရှင်များ၏ အသံ ပျောက်အောင် လုပ်ခဲ့ကြသည်။
(၂) ကိုလိုနီခေတ် နှင့် ကိုလိုနီခေတ်လွန်များတွင် ဗြိတိသျှနှင့် အမေရိကန်တို့က ဓမ္မဓိဋ္ဌာန်ကျ မြန်မာနိုင်ငံပညာရပ်များ တည်ထောင်ခဲ့သော်လည်း တကယ်တမ်းတွင် ၎င်းတို့၏ စီးပွားရေး၊ အယူဝါဒ၊ မဟာဗျူဟာ၊ ယဥ်ကျေးမှု၊ နိုင်ငံရေးနှင့် အကျိုးစီးပွားကိုသာ ရှေ့ရှုသော ပညာအရေခြုံ၊ ဗဟုသုတ အတုအယောင်များကိုသာ မြှင့်တင်ပေးခဲ့သည်။
(၃) ကိုလိုနီခေတ်၊ ကိုလိုခေတ်လွန် အသိပညာစနစ်များနှင့် ပတ်သက်၍ ထိုခေတ်များ စနစ်များက လေ့ကျင့်သင်ကြားထားသည့် ကျောင်းသားများနှင့် ပညာရှင်မျိုးဆက်များသည် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အင်္ဂလိပ်နှင့် အမေရိကန်တို့ မျက်နှာဖုံးစွပ်သည့် ပညာလက်ပါးစေများ ဖြစ်နေခဲ့ကြသည်ကား များပြားလှပေသည်။ တိုင်းရင်းသားပညာရှင်များသည် အမျိုးသားရေးဝါဒီများ၏ မင်းဆိုးမင်းညစ်များကို လုပ်ကျွေးပြုခဲ့ကြသည်။
(၄) “သွေးစစ်စစ်” အခြေခံ (ဖက်ဆစ် သို့မဟုတ် နာဇီကဲ့သို့) ထာဝရတည်ရှိနေသော “လူမျိုးများ” “လူမျိုးစုများ” ဆိုင်ရာ အမြင် နှင့် လူမျိုးစုကိုယ်ပိုင်လက္ခဏာ ပေါ်မူတည်၍ ဖယ်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လူကိုတိရစ္ဆာန်သဖွယ်ဆက်ဆံခြင်း၊
အဆုံးစွန် အမြုံလိုက်ဖျက်ဆီးခြင်းများ စတင်လုပ်ဆောင်လာသည်။
(၅) ဘာသာ၊ လူမျိုး၊ ယဥ်ကျေးမှု မတူညီသော လူအုပ်စုများကို ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများမှ ကာကွယ်နိုင်ရန် ၁၉၄၈ ခုနှစ်မှစ၍ သဘောတူစာချုပ်ချုပ်ဆိုခဲ့သည့် ဂျီနိုဆိုက်ကွန်ဗန်းရှင်း၏ နိုင်ငံတကာ ဥပဒေ နယ်ပယ်ကို ကျော်လွန်၍ ကြည့်ရှုရန် လိုအပ်သည်။
(၆) ဘာသာ၊ လူမျိုးစု၊ ယဥ်ကျေးမှု ကိုယ်ပိုင်လက္ခာများကို အခြေခံ၍ ဖျက်ဆီးမှုများ၊ လူမျိုးအမြစ်ဖြတ် ဖျက်ဆီးမှုများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေများ၊ တရားရုံးများ၊ စည်းမျဥ်းများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ တည်ထောင်ရန် လိုသလို၊ လူထုတစ်ရပ်လုံးအတွင်း ပညာလက်ပါးစေ ကျွန်စိတ်၊ ကျွန်နံ့ ကင်းစင်ရေးနှင့် လူသားချင်းစာနာစိတ် ပေါ်ထွန်းရေးလည်း လိုအပ်သည်။
(၇) ဘင်္ဂလီ နိုဗယ်လ်ဆုရှင် ကဗျာဆရာကြီး တဂိုးပြောခဲ့သည့်အတိုင်း “လူ့ယဥ်ကျေးမှု” ဆိုသည်မှာ “လူအလောင်းများစုပုံထားသည့် အပုံတစ်ပုံ” ဟု မသတ်မှတ်လို ။
ကုလသမဂ္ဂ၏ ပျက်ကွက်မှုများ ကြောင့် ၁၉၄၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် Auschwitz ပိတ်၊ သိမ်းပြီးကတည်းက လူမျိုးတုံး အမြစ်ဖြတ် ဖျက်ဆီးမှုများ သတ်ဖြတ်မှုများ ခွင့်ပြုပေးသလို ဖြစ်ခဲ့သည်။
လူမျိုးတုံး အမြစ်ဖြတ် ဖျက်ဆီးမှုများ သည် ကမ္ဘာ့ ယဥ်ကျေးမှုကြီးတစ်ရပ်လုံး၏ ကျရှုံးခြင်း ကို၊ အရှင်းလင်းဆုံးသော စွဲချက်တစ်ခုဖြစ်သည်
Maung Zarni
FORSEA
Banner: Armenian Genocide Memorial, Yerevan, Armenia, the official memorial dedicated to the victims of the Armenian Genocide, built in 1967. Amir Kh, Unsplash
Readings:
Katherine Southwick (2018) Straining to Prevent the Rohingy ent the Rohingya Genocide: A Sociology of Law a Genocide: A Sociology of Law Perspective, Genocide Studies and Prevention: An International Journal, v. 12. Issue 3, article 13, pp. 119-142. https://digitalcommons.usf.edu/cgi/viewcontent.cgi?article=1572&context=gsp
Michael W. Charney (2022) The Violent Legacies in Myanmar of Colonial Knowledge and Area Studies, FORSEA. https://forsea.co/the-violent-legacies-in-myanmar-of-colonial-knowledge-and-area-studies/
Maung Zarni (2022) Tun Mrat Naing attempts to erase Rohingya identity and history, Prothom Alo, Bangladesh. https://en.prothomalo.com/opinion/op-ed/tun-mrat-naing-attempts-to-erase-rohingya-identity-and-history