ဇူလိုင်လ (၂၆) ရက်နေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာနိုလင်းဟေဇာနဲ့ ကျွန်တော် တွေ့ဆုံဆွေးနွေးမှုက အကျိုးရှိခဲ့တယ်။ ကျွန်တော်တို့ အကြောင်းအချက်အမျိုးမျိုး ဆွေးနွေးခဲ့ကြပါတယ် — အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်၊ မြန်မာနိုင်ငံအတွက် အဆုံးသတ်လုပ်ငန်းစဥ်တစ်ခုနဲ့ မူဘောင်တစ်ခု၊ လူသားချင်းစာနာ ထောက်ထား မှု အကူအညီနဲ့ ဒုက္ခသည်များအတွက် ပညာရေး။

ယနေ့အချိန်အထိ ၅ ချက်နဲ့ပတ်သက်ပြီး အမှန်တကယ်တိုးတက်မှု မရှိသေးဘူး။ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တကယ်တမ်းမှာ ပိုပြီးဆိုးရွားလာနေတယ်။ အာဆီယံနဲ့ အာဏာသိမ်းစစ် ဗိုလ်ချုပ်ကြီးများ ဆွေးနွေးပွဲမှာ အဓိကသက်ဆိုင်နေသူများအကြား ပါဝင်နိုင်ဖို့ ဒါမှမဟုတ် မျှတတဲ့ ညှိနှိုင်းဆွေးနွေးမရှိသေးဘူး။ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတွေက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို နိုင်ငံရေးလုပ်၊ လက်ဝါးကြီးအုပ်ထားပါတယ်။

ဒါ့ကြောင့် သြဂုတ်လ (၃) ရက်နေ့ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တင်သွင်းဖို့ ကိစ္စနှစ်ရပ်ကို ဇူလိုင်လ (၂၂) ရက်နေ့မှာ အစိုးရအဖွဲ့က ဆုံးဖြတ် ခဲ့တယ်။ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေအားလုံးကို မြန်မာဘက်က နိုင်ငံရေး ကိုယ်စား လှယ် စေလွှတ်ခွင့်မပြုဖို့နဲ့ အဲဒီအစည်းအဝေးကနေ နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံထိ (၅) ချက်ကို အကောင်အထည်ဖော်နိုင်မယ့် မူဘောင်တစ်ခု ဆွေးနွေးဖို့ ဖြစ်တယ်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတွေက ဇူလိုင်လ (၂၅) ရက်နေ့မှာ မြန်မာဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ (၄) ဦးဖြစ်တဲ့ ကျော်မင်းယု၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်၊ အောင်သူရဇော် တို့ကို ကွပ်မျက်သတ်ဖြတ်ခဲ့ကြောင်း သိရတယ်။ မလေးရှားက ဒီလိုစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ် ကို ရှုတ်ချတယ်။ ဒါက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်။ ဒါက အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေက (၅) ချက်ကို မထီလေးစားပြက်ရယ် ပြုနေတယ်ဆိုတာကို ပြသနေတယ်။

အာဆီယံဥက္ကဌရဲ့ အထူးသံတမန်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ တွေ့ဆုံသင့်တယ်လို့ ကျွန်တော် ယခင်က အကြံပေးခဲ့ဖူးပါ တယ်။ အခုကတော့ အဲဒီအစည်းအဝေးကို အလျင်စလိုလုပ်ပြီး တိုးတက်မှုကို လူသိရှင်ကြား ထုတ် ပြန်ရမယ့် အချိန်ဖြစ်တယ်။

နောက်ပိုင်းမှာ နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ဆုံးဖြတ်ချက် ကြီးကြီး မားမားတစ်ခု ချဖို့လိုအပ်ပါလိမ့်မယ်။ (၅) ချက်ကို ဆက်သွားမလား? ဒါကို မွမ်းမံလို့ ရနိုင်မလား? ဒါမှမဟုတ် အသစ်တစ်ခု ဖန်တီးရမလား?

NUG နဲ့ NUCC အပါအဝင် အဓိကသက်ဆိုင်နေသူများနဲ့ တွေ့ဆုံပြီးပေမယ့်လည်း ဆက်လက်ပြီး ကြိုးပမ်းအားထုတ်မှုများ ရှိနေဆဲပါ။ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကတော့ အာဆီယံအနေနဲ့ အဆုံး သတ်ပွဲတစ်ခုအတွက် မူဘောင်တစ်ခုရှိဖို့ လိုအပ်နေပြီး၊ အဲဒီအဆုံးသတ်ပွဲ အောင်မြင်ဖို့ လိုအပ်တဲ့ ကိစ္စရပ်များ၊ လုပ်ငန်းစဥ်တွေကို ပြင်ဆင်ရပါမယ်။

အဆုံးသတ်ပွဲကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို အာမခံထားတဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ ငြိမ်ချမ်းရေး၊ သဟဇာတ အားလုံးပါဝင်တဲ့ သာယာဝ ပြောတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။

ဒီအခြေအနေမှာ အာဆီယံက အမှန်တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက်ပါဝင်နေတဲ့ အဖွဲ့တွေက တိကျတဲ့ နောက်ဆုံးပေါ်အချက်အလက်တွေကို တိုက်ရိုက်ရယူဖို့ လိုအပ်ပါတယ်။

အဓိကသက်ဆိုင်နေသူများအားလုံးက အားလုံးပါဝင်နိုင်မှု၊ မျှတတဲ့ဆွေးနွေးညှိနှိုင်းမှုနဲ့ ဒါကိုလိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သူတို့က လုံခြုံမှုနောက်ခံရှိတဲ့ စားပွဲတစ်ခုမှာထိုင်ပြီး မျှတပြီး ပွင့်လင်း မြင်သာတဲ့ လူသားချင်းစာနာတဲ့အထောက်အပံ့များ၊ အသွင်ကူးပြောင်းမှုအစီအမံများ၊ (အပစ်အခတ် ရပ်စဲရေး၊ တည်ငြိမ်းအေးချမ်းရေး၊ အသွင်ကူးပြောင်းရေး) တွေကို အကောင်အထည်ဖော်မယ့် အဖွဲ့ များ၊ ပြည်သူ့ အခြေခံဥပဒေနဲ့ အားလုံးက သဘောတူညီပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ အပါအဝင် ကိစ္စရပ်များ၊ လုပ်ငန်းစဥ်များ မူဘောင်ကို အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းရှာဖွေရပါမယ်။

နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပူးပေါင်းပါဝင် အားပေးထောက်ခံမှုနဲ့ အာဆီယံက ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ သံတမန်နဲ့အတူ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူဆိုတဲ့ ကဏ္ဍကို ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

Malaysian FM DATUK SERI SAIFUDDIN ABDULLAH

Read original article in English
Banner: Armoured personnel carrier of Myanmar Army patrolling after the coup. Wikipedia Commons

Posted by FORSEA